

Backrooms
Synopsis
YouTube ပေါ်မှာ ကြည့်ရှုသူ သန်းပေါင်းများစွာကို ခြောက်ခြားစေခဲ့ပြီး Creepypasta လောကရဲ့ အကြီးမားဆုံးသော Horror Trend တစ်ခုဖြစ်ခဲ့တဲ့ The Backrooms ဟာ... အခုဆိုရင် ကမ္ဘာကျော် A24 ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဒါရိုက်တာ Kane Parsons ရဲ့ လက်ရာအဖြစ် ရုပ်ရှင်ရုံကြီးတွေပေါ်မှာ တရားဝင် သွေးပျက်စရာ ရောက်ရှိလိုလာပါပြီ။ "မတော်တဆ အမှားတစ်ခုကြောင့် တကယ့်လက်တွေ့ကမ္ဘာရဲ့ နံရံတွေထဲကို နစ်ဝင် (Noclip) သွားခဲ့ရင်... မင်း ရောက်သွားမယ့်နေရာဟာ ဒါပဲ" အဆုံးမရှိ ကျယ်ပြောလှတဲ့ စတုရန်းမိုင် သန်းပေါင်းများစွာသော ရုံးခန်းပျက်ကြီးတွေ၊ မျက်စိစူးစေမယ့် မီးချောင်းဝါဝါတွေရဲ့ တဝီဝီမြည်သံတွေနဲ့ ကြမ်းပြင်က စိုစွတ်ညှော်နံတဲ့ ကော်ဇောဟောင်းတွေ...။ ဘာမှမရှိဘဲ ခြောက်ကပ်နေတဲ့ ဒီအဝါရောင် လျှိဝှက်ဓာတ်ခွဲခန်း/ရုံးခန်းတွေကြားထဲမှာ သင် တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အချိန်... ဒီဇာတ်ကားဟာ သာမန်သရဲကားတွေလို Jump Scare တွေနဲ့ လန့်အောင်လုပ်တာမျိုး မဟုတ်ဘဲ၊ လွတ်မြောက်ရာ လုံးဝမရှိတဲ့ နေရာကျဉ်းကျဉ်းထဲ ပိတ်မိနေသလို ခံစားရစေမယ့် Psychological & Liminal Space Horror ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ နှစ်တွေအကြာကြီး ပိတ်မိနေတဲ့အဆုံး စိတ်ဖောက်ပြန်လာတဲ့ လူသားတွေ၊ ပြီးတော့ အမှောင်ရိပ်ထဲကနေ သင့်ရဲ့ အသက်ရှုသံကို ချောင်းမြောင်းနေတဲ့ လူသားမဟုတ်တဲ့ တောရိုင်းတိရစ္ဆာန်လို သတ္တဝါဆန်း (Entities) တွေကြားထဲမှာ... ဇာတ်ကောင်တွေအနေနဲ့ လက်တွေ့ကမ္ဘာကို ပြန်ဖို လမ်းစကို ရှာဖွေနိုင်ပါ့မလား? ဒါမှမဟုတ် အဝါရောင် ကမ္ဘာဆိုးကြီးထဲမှာပဲ ထာဝရ ပျောက်ကွယ်သွားမလား? ဆွဲဆောင်မှုရှိတဲ့ ကင်မရာအလှည့်အပတ်တွေ၊ ရင်ဘတ်ထဲအထိ တုန်ခါသွားစေမယ့် Sound Effects တွေနဲ့အတူ YouTube က Found Footage အငွေ့အသက်ကို မပျောက်ပျက်စေဘဲ ရုပ်ရှင်အဖြစ် အကောင်းဆုံး ပုံဖော်ထားပါတယ်။ သည်းထိတ်ရင်ဖို Horror & Mystery ကြိုက်သူတွေအတွက်တော့ ရုပ်ရှင်ရုံထဲမှာ ထိုင်နေရင်းတောင် ကိုယ်တိုင်ပါ အခန်းကျဉ်းထဲ ပိတ်မိနေသလို ရင်တမမနဲ့ ကြည့်ရမယ့် သွေးပျက်စရာ ကားကောင်းတစ်ကား ဖြစ်လို လုံးဝ (လုံးဝ) လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။
