Buddha 2: The Endless Journey

Buddha 2: The Endless Journey

DramaAnime များ
91.4M views·1 episode·7.7·Feb 8, 2014

Synopsis

ဒီက​ားကတော့ ၂၀၁၁ထွက် "Buddha: The Great Departure" ရဲ့​နောက်ဆက်တွဲထွက်ကားပါ။ ပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတိုရဲ့စစ်ပွဲ၊ ဗိမ္မိသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊ သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာဖြစ်လို ​ထေရဝါဒရဲ့ဗုဒ္ဓဝင်ဇာတ်နဲ့​တော်​တော်ကိုကွဲပါတယ်။ တချိုဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတိုပါ။ Animeတစ်ခုအမြင်နဲ့ကြည့်မှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နိုမိုဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။ မှတ်ချက် – နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ်