Game of Thrones

Game of Thrones

ActionAdventureFantasyDramaSci-Fiနိုင်ငံခြားဇာတ်ကားများMelodrama
99.3M views·73 episodes·8.5·Apr 17, 2011

Synopsis

George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ…. နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။ ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။ Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က (9.5/10) ထိရရှိထားတာဖြစ်ပါတယ်။ Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်စီးရီးထဲမှာ Top ပါပဲ။