

Synopsis
လူတစ်ယောက်က ဆေးပညာအကူအညီမပါဘဲ နှစ်ရာကျော်တဲ့အထိ နေနိုင်ပါတယ်လိုပြောရင် လူကြီးမင်းတို အံ့ဩမိကြမှာလား? အခုတစ်ကြိမ် မိတ်ဆက်ပေးချင်တဲ့ သိပ္ပံစိတ်ကူးယဉ် IMDb rating – 5.2/10 ရရှိထားတဲ့ anime movie လေးထဲမှာတော့ ဖြစ်နိုင်ပါတယ်။🌟 Plot အနေနဲ့ကတော့ နည်းပညာတွေ အလွန့်အလွန်တိုးတက်ထွန်းကားနေတဲ့ ခေတ်ကာလကို ဇာတ်ကြောင်းတည်ထားပါတယ်။ သေသူကိုတောင် ပြန်ရှင်စေပြီး လူတွေကို သာမန်သက်တမ်းထက် နှစ်ပေါင်းများစွာပိုရှင်သန်နိုင်အောင် စွမ်းဆောင်ပေးနေတဲ့ “SHELL”နည်းပညာမှာ ချိုယွင်းချက်တချို ရှိနေခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် အီအိုဇိုရဲ့ သူငယ်ချင်းဟာလည်း အဲဒီခြွင်းချက်တွေကြောင့် သေဆုံးသွားခဲ့ရတဲ့အခါမှာတော့ အီအိုဇိုအနေနဲ့ အခြေအနေအရပ်ရပ်ထဲကို ဝင်ပါဖိုဖြစ်လာပါတော့တယ်။ ဒီစနစ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေကြိုးကိုင်နေတာလဲ? လူသားတွေကိုရော အမှန်တကယ် အကျိုးပြုနေတာမှန်ရဲ့လား? စတဲ့ ဒွိဟအရပ်ရပ်နဲ့ စိတ်ဝင်စားစွာကြည့်ရှုရမဲ့ movie တစ်ခုပဲ ဖြစ်ပါတယ်...
