

Kraken (2026)
Synopsis
နော်ဝေး ရဲ့နာမည်ကြီး သဘာ၀ဘေးအန္တရာယ်အကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တွေဖြစ်တဲ့ The Wave နဲ့ The Quakeတို့ကိုရိုက်ကူးခဲ့တဲ့ အဖွဲ့သားတွေဖန်တီးထားတဲ့ရေအောက်သတ္တဝါဆန်း ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ပင်လယ်ရေကြောင်း ဇီဝဗေဒပညာရှင် ယိုဟားနား က ပင်လယ်အော်အနီးမှာရှိတဲ့ ဗန်းစ်နက်စ် ကျေးလက်ဒေသ ငါးမွေးမြူရေးစခန်းတစ်ခုမှာ သုတေသနပြုနေတုန်း ထူးဆန်းတဲ့ ဖြစ်ရပ်များနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဒေသခံ ဆယ်ကျော်သက်နှစ်ဦးရဲ့ ရက်စက်စွာ ေ-သဆုံးမှုများနဲ့အတူ အထောက်အထားအားလုံးကနက်ရှိုင်းတဲ့ပင်လယ်အော်ဆီကိုပဲ ညွှန်ပြနေတာပေါ့။ပင်လယ်နက်ကြီးရဲ့အောက်ခြေမှာ လူသားတွေမမြင်နိုင်တဲ့ အရာတွေပဲ ရှိနေနိုင်သလား။ နော်ဝေးရဲ့ အနက်ဆုံးသော ပင်လယ်အော်အောက်ခြေမှာတောင်တစ်လုံးခန့် ကြီးမားပြီး ဖမ်းမိသမျှကို ချေမှုန်းဝါးမြိုရန် အသင့်ဖြစ်နေတဲ့လက်တံပေါင်းများစွာရှိတဲ့ ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင် ကိန်းအောင်းနေတဲ့အခါ.....။
