

My Bride is a Mermaid
Synopsis
Michishino Nagasumi ဆိုတဲ့ကောင်လေးရဲ့ ဘဝဟာ ပုံမှန်ပြန်မဖြစ်နိုင်တော့ပါဘူး။ သူ့ရဲ့နွေရာသီအားလပ်ခရီးစဉအတွင်း ထူးဆန်းတဲ့ ကံကြမ္မာအလှည့်အပြောင်းနဲ့ ကြုံလာတဲ့အခါ ပင်လယ်ထဲမှာ ရေနစ်သေမလိုအထိဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ချစ်စရာ ရေသူမလေး Seto Sunဟာ သူ့ကိုကယ်တင်ဖို ပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲ့ဒီမှာ ပြဿနာစတက်တာပဲ။ ဖြစ်ချင်တော့ Sun က ရေသူမတောင် ရာကူဇာရေသူမဂိုဏ်းက ဖြစ်နေပါတယ်။ သူတိုရဲ့မိသားစုဥပဒေ စည်းမျဉ်းစည်းကမ်းအရ လူသားတစ်ယောက်က ရေသူမတစ်ကောင်ကို တွေ့သွားပြီဆိုရင် အဲ့ဒီလူရော ရေသူမပါ အသတ်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီအခြေအနေကိုရှောင်ဖို တစ်ခုတည်းသောနည်းလမ်းဟာ Nagatsumi အနေနဲ့ Sun ကို လက်ထပ်ပြီး မိသားစုဝင် လုပ်ဖိုပါပဲ။ (နေရင်းထိုင်ရင်းမိန်းမရတာပေါ့) နှစ်ယောက်စလုံးရဲ့အသက်ကိုကယ်တင်ဖိုအတွက် Nagatsumiဟာ Sun ကို လက်ထပ်ခွင့်တောင်းဆိုလိုက်ရပါတော့တယ်။ အဲ့ဒီလိုနဲ့ Nagatsumiတစ်ယောက် သူ့ရဲ့နွေအားလပ်ရက်ခရီးဟာလည်း ကပျက်ကချော်တွေနဲ့ Sun ရဲ့လျှိဝှက်ကိုလည်း တစ်ခြားသူတွေမရိပ်မိအောင် ကာကွယ်ရပါတော့တယ်။ အဲ့ဒီနောက်ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့...
