

Tazza: The Hidden Card
Synopsis
ဒီဇာတ်ကားမှာ Big Bang အဖွဲက T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။ T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။ သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။ မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။ (မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့်မိသားစုနဲ့အတူကြည့်ဖိုတော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။) 2006 မှာထွက်ခဲ့တဲ့ Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။ Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။ “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ်။ Pyung, Agwi နဲ့ Jjakgwi ပါPyung ကတော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ၊Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ အကောက်ကျစ်ဆုံ....
