

The Elusive Samurai
Synopsis
ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြိုကနေအုပ်ချုပ်နေတဲ့ Shogun တစ်ယောက်ရှိတယ်ပေါ့။ သူက ပြောရမယ်ဆို အရည်အချင်းမရှိတဲ့ ရုပ်သေးသာသာ Shogun ပါ။ ဒီလိုပြောလို သူ့ရဲ့၈ နှစ်အရွယ် သားဖြစ်သူ Tokiyuki ကလည်း ပြေးလွှားရတာရယ်၊ ပုန်းတာရယ်ကလွဲပြီး တခြားအရည်အချင်းမရှိတဲ့ ဆာမူရိုင်းလောင်းလျာလေးပါ။ သူကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနေရာ ဆက်ခံဖိုထက် တိုင်းပြည်မှာ အေးချမ်းသာယာနေရင်ပြီးရောဆိုပြီး ဂုဏ်မမက်တဲ့လူလေးပေါ့။ တစ်ရက်မှာ သူတိုအားကိုးယုံကြည်ရတဲ့ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ဟာ ပုန်ကန်နေတဲ့အင်ပါယာကို သွားချေမှုန်းမယ်ဆိုပြီး တကယ်တမ်းတော့ အဲဒီအင်ပါယာနဲ့ပူးပေါင်းပြီး သစ္စာဖောက်ခဲ့ပါတယ်။ ပြီးတော့ ဒီ Kamakura မြိုလေးကိုလည်း သစ္စာဖောက်စစ်တပ်နဲ့အတူ အကုန်သတ်ဖြတ် မီးရှိဖျက်ဆီးလိုက်ချိန် အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိတယ်ဆိုတဲ့ နတ်ဆရာတစ်ယောက်နဲ့ သူ့သမီးဖြစ်သူဟာ Tokiyuki ကို ကယ်တင်ပေးခဲ့ပြီး ဖအေနဲ့တိုင်းပြည်ကို ဖျက်ဆီးသိမ်းပိုက်ခဲ့တဲ့ရန်သူကို ပြန်လက်စားချေဖိုအတွက် စွန့်စားခန်းတွေထွက်ကြ၊ မဟာမိတ်တွေရှာကြ၊ သန်မာအောင်လုပ်ကြပြီး ဘယ်လိုပြန်သိမ်းပိုက်မလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...နောက်ထပ် စိတ်ဝင်စားဖိုကောင်းတာကတော့ ဒီစီးရီးရဲ့မင်းသားလေးဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ၁၃၀၀ ပြည့်နှစ်တွေက Hojo Tokiyuki ဆိုတဲ့ ဆာမူရိုင်းတစ်ယောက်ကို အခြေခံထားတယ်လိုဆိုပါတယ်...
