

The Medium
Synopsis
မမြင်ရတဲ့ ပရလောကနဲ့ လူ့လောကကို ဆက်သွယ်ပေးနိုင်တဲ့ ကြားခံနယ်မြေကနေ ရုပ်ရှင်ချစ်ပရိသတ်များကို ကြိုဆိုလိုက်ပါတယ်။ သာသနာမထွန်းကားမီခေတ်က နတ်ကိုးကွယ်မှုတွေရှိခဲ့ဖူးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ နတ်ကိုးကွယ်မှုတွေ ဆက်လက်တည်တံ့နေသေးတဲ့ ထိုင်းနိုင်ငံ အိစံနယ်ဘက်ပိုင်းက ရွာလေးတစ်ရွာမှာ နေထိုင်ကြတဲ့ နတ်ဝင်သည်မျိုးရိုး မိသားစုတစ်စု မိသားစုရဲ့ သမီးကြီးက ဓလေ့ထုံးထမ်းအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမှာကို မဆက်ခံဘဲ ငြင်းဆန်လိုက်တဲ့အခါ အစ်မကြီးနွိင်းအစား ညီမဖြစ်သူ နှင်းက ဆက်ခံဖို ဖြစ်လာပါတယ်။ သိုပေသိ နှင်းက အိမ်ထောင်မရှိတဲ့ အပျိုကြီးဖြစ်နေတော့ သူလွန်ရင်.... နောက်ထပ်ဆက်ခံရမယ့်သူဟာ ဘယ်သူဖြစ်လာမှာလဲ။ မျိုးဆက်ရဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်သူ နွိင်းရဲ့ သမီး မင်ကလည်း ဆက်ခံဖိုကို ခါးခါးသီးသီးဖြစ်နေတဲ့အခါ.... ဓလေ့ထုံးတမ်းကို ငြင်းဆန်တဲ့သူတွေအဖို ကြုံတွေ့ရမယ့်အရာတွေက ဘာတွေများလဲ။
