The World's Strongest Rearguard

The World's Strongest Rearguard

ActionAdventureFantasySci-FiAnime များ
9.5M views·12 episodes·8·Jul 5, 2026

Synopsis

ဘေးပတ်ဝန်းကျင်မှာ တစ်ခုပြီးတစ်ခု မနားတမ်းခိုင်းတဲ့ အလုပ်ရှင်တွေကိုမြင်ဖူးကြလား? ဒီကားလေးမှာတော့ အဲ့လိုမနားတမ်းခိုင်းတဲ့ အလုပ်ရှင်ရဲ့လက်အောက်မှာ လုပ်ကိုင်နေရတဲ့ ကိုကိုကြီးတစ်ယောက်ဟာ ကံကောင်းတယ်ပဲပြောရမလား ကားတိုက်ပြီး အီဆဲခိုင်းသွားပါ​တော့တယ်။ ကံဆိုးတာက အဲ့အီဆဲခိုင်းသွားတဲ့ထဲ သူ့ဘောစိမမ ပါ ပါလာတာပဲ။ နောက်တစ်ဖန် ကံထပ်ဆိုးတာက​တော့ သူရွေးလိုက်မိတဲ့ အလုပ်အကိုင်က နောက်တန်းထိုင်ထောက်ပံ့သူ ဆိုတဲ့အလုပ်အကိုင်ပဲ။ သူရောက်သွားတဲ့ တိုင်းပြည်မှာက မွန်းစတားတွေကိုသတ်၊ ရတနာတွေကိုရှာရတဲ့ ရှေ့တန်းကစစ်သည်တွေကို နောက်ကနေ ထောက်ပံ့ပေးရတဲ့ရာထူးပေါ့။ ထပ်မှန်းကြည့်ပါဦး ထပ်ကံဆိုးတာက သူဘောစိမမက ရှေ့တန်းစစ်သည်ဖြစ်နေတာ ကဲ အဲ့မှာ ဘာတွေဆက်ပြီး ဖြေရှင်းရမလဲ? ဘယ်လိုမျိုးတွေစွန့်စားရမလဲကြည့်ရမှာပါ...